My Favourite Blog & Poem
" ပန်းတိုင်ရှိရာ "
ဒူးမတုန် နဲ့  ကလေး
ဒီလို  ထရပ်လိုက်တာကို က
ခြေလှမ်းတွေ စနိုင်ဘို့ အတွက် ပါပဲ။
ရပ်နိုင်တော့မှ 
မင်းဘ၀ရဲ့ ပထမခြေလှမ်း
မင်းစပြိး လှမ်းရမှာ။
ပထမခြေလှမ်းမှာ ယိုင်လဲ
ဒူးပြဲရင်ပြဲမယ်
နဖူးကွဲချင်လည်းကွဲမယ်
လဲရင်ပြန်ရပ်
နောက်ထပ်ခြေလှမ်းတွေ  စကြမယ်။
လေးဘက်တွားရင်း ကျေနပ်
ထပြီး မရပ်ဘဲ နေမယ့်အစား
ရပ်စမ်း  လဲစမ်း ကွဲစမ်း
ရဲရဲကလေးလှမ်း (ပြီးရင်)
ပြေးလမ်းပေါ်တက်ကြရအောင်။
မောင်စိန်ဝင်း  (ပုတီးကုန်း)
0 comments:
Post a Comment